NameThe Promised Neverland
Translator AUM
Encoder AUM
Number of episodes  12
Genres  Horror, Mystery, Sci-fi, Shounen

Review

 Ray၊Emma နဲ့Norman ဆိုတဲ့ ကလေးသုံးယောက်ဟာမိဘဂေဟာမှာ ထူးချွန်ထက်မြက်တဲ့ကလေးသုံးယောက်ဖြစ်ပြီး "မေမေ" လို့သူတို့တွေခေါ်ကြတဲ့ မိန်းမကြီးတစ်ယောက်ရဲ့စောင့်ရှောက်မှုနဲ့အတူကြီးပြင်းလာခဲ့ကြပါတယ်။တခြား ဂေဟာများနဲ့မတူ သူတို့ဂေဟာလေးဟာ လူသူအရောက်အပေါက်နည်းလှသလို ဂေဟာတွင်းတားမြစ်ထားတဲ့စည်းကမ်းတစ်ခုလည်းရှိပါတယ်။ အဲ့တာကတော့တောစပ်နားက ဂိတ်တံခါးကနေအပြင်ကိုထွက်သွားခွင့်မပြုတာပါဘဲ။ ကလေးအရွယ်များဖြစ်တာကြောင့် အန္တာရယ်ရှိတဲ့အရာများကနေကာကွယ်ဖို့လို့ပြောပေမယ့် ဒီ့ထက်နက်ရှိုင်းတဲ့ အမှန်တရားက အဲ့အထဲမှာရှိနေပါတယ်။ ဒီလိုနဲ့ ထိုအမှန်တရားကြီးကို သူတို့သုံးယောက် သိလိုက်ရတဲ့အခါမှာတော့ ဘာဆက်ဖြစ်မလဲဆိုတာကိုတော့ဆက်ဘက်စောင့်ကြည့်ပေးပါ