Name Tenshi No 3P! ( Angle's 3Piece!)
Translator Haruki
Encoder Kazuma
Number of episodes 12
Genres Music,School,Slice of Life

Review By Haruki

 အလယ်တန်းတည်းက ဆရာရဲ့ချီးမွမ်းစကားလေးတစ်ခွန်းကြောင့် အတန်းထဲက သူငယ်ချင်းတွေရဲ့လှောင်ပြောင်မှုတွေကို ခံခဲ့ရတဲ့ကောင်လေး Kyou Nukuiဟာ သိမ်ငယ်လာခဲ့တယ်။

   အထက်တန်းကျောင်း စဖွင့်တည်းက ဘယ်အတန်းကိုမှသွားမတတ်ဘဲသူရဲ့ဘဝကို သူ့အိပ်ခန်းလေးထဲမှာပဲ သီချင်းတွေရေးလိုက် ရေးထားတဲ့ သီချင်းတွေကိုတည်းဖြတ်လိုက် ပြီးရင်သူ့ရဲ့တစ်ဦးတည်းသော သူငယ်ချင်း `kiriyume´ ဆိုတဲ့အမည်တုနဲ့လူရဲ့ပန်းချီတွေနဲ့တွဲတင်လိုက်နဲ့ သူ့တစ်နေ့တာကိုကုန်ဆုံးပါတယ်

  တစ်နေ့တော့ Kyouဟာ သူရဲ့ထွက်ကာစ သီချင်းအသစ်တစ်ပုဒ်ကို TR03 မှာ အရင်ပုံစံနဲ့မတူ တမူထူးခြားတဲ့ပုံစံလေးကို ပထမဆုံးအနေနဲ့ မဝံ့မရဲတင်လိုက်ပါတယ်။ ဒါ့အပြင် သူအရင်က `HibikiP´ ဆိုတဲ့ သူရဲ့ကလောင်အမည်ကိုမထည့်ဘဲနဲ့ ရိုးရိုးလေး `me´
လို့ရေးပြီး အရင်ကတွဲတင်နေကျ သူ့သူငယ်ချင်း `Kiriyume´ဆီကအကူအညီမယူဘဲနဲ့ တင်လိုက်ပါတယ်

   တခဏလေးအတွင်းမှာပဲ Kyou ဟာ formal ဆန်ပြီး ဖတ်လို့နားဝင်ချိုတဲ့ email တစ်ခုကိုလက်ခံရရှိခဲ့ပါတယ်။ အဲ့ဒီ email ထဲမှာသူ့ရဲ့ဂီတကို ချီးကျူးထားရုံသာမက TR03 ရဲ့နောက်ကွယ်က တေးရေးဆရာဆိုတာကို သိနေတဲ့ပုံပေါ်နေခဲ့ပါတယ်။ ဒီEmail ပိုင်ရှင်ဟာ သူနဲ့တွေ့ဖို့ သူ့အိမ်နားက ပန်းခြံတစ်ခုမှာ စကားပြောဖို့ချိန်းခဲ့ပါတယ်။ အဲ့ပန်းခြံကလည်း သူအမှတ်မထင် သွားနေမိတဲ့ပန်းခြံလေးပါပဲ။
 သူထင်ခဲ့တာက ဒီ email ပိုင်ရှင်ဟာ သူ့ထက်senior ကျတဲ့လူတစ်ယောက်ဆီကလို့ မျှော်လင့်ထားခဲ့ပါတယ်။သူရောက်သွားတော့... ချိန်းထားတဲ့နေရာမှာ မူလတန်းကလေးလေး(loli) ၃ ယောက်ကိုမမျှော်လင့်ဘဲတွေ့လိုက်ရပါတယ်

  ချက်ချင်းဆိုသလို Loliလေး၃ယောက်ဟာ သူတို့လေးတွေနေတဲ့ဘုရားကျောင်းအဟောင်း အခုတော့ မိဘမဲ့ဂေဟာဖြစ်သွားတဲ့ သူတို့လေးတွေရဲ့အိမ်မှာ ဂီတပွဲလေးတစ်ခုလုပ်ဖို့ တောင်းဆိုပါတော့တယ်--

  အစကတော့ Kyouဟာ ငြင်းပေမယ့် သူတို့လေးတွေရဲ့ ဂီတပါရမီတွေကိုတွေ့လိုက်ရတဲ့အခါမှာတော့ သူတို့ရဲ့ တောင်းဆိုမှုကိုလက်ခံလိုက်ပါတော့တယ်--ဘာလို့ loliလေးတွေ ပွဲလုပ်ချင်ရတာလဲ     Kyouကရော လုပ်ပေးနိုင်ပါ့မလား သူတို့လေးတွေဘာဆက်ဖြစ်ဦးမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါ။