NameUshinawareta Mirai wo Motomete
Translator Myat Thinzar Zan
Encoder Kazuma
Number of episodes 12
Genres  Sci-Fi, Drama, Romance, School

Review

Uchihama အထက်တန်းကျောင်းရဲ့ နက္ခတ်ဗေဒကလပ် အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Kaori Sasaki ဆိုတဲ့ ကောင်မလေးဟာ သူနဲ့ငယ်ငယ်ကတည်းက သူငယ်ချင်းဖြစ်တဲ့ Sou Akiyama ဆိုတဲ့ ကောင်လေးကို ဖွင့်ပြောပြီး ကျောင်းကအပြန် ကားအက်ဆီးဒင့်တစ်ခုဖြစ်ပြီး သေသွားခဲ့ပါတယ်။ သူမသေတာကို သူမအမေရော သူမသူငယ်ချင်းတွေရော ဆေးရုံမှာ အတည်ပြုခဲ့ပေမယ့် နောက်တစ်နေ့မှာ သူမဟာ ဘာမှမဖြစ်ခဲ့သလို ပုံမှန်အတိုင်းပဲ ကျောင်းကို ပြန်ရောက်လာခဲ့တယ်။ထူးဆန်းစွာဘဲ သူမ မနေ့က သေသွားတယ်ဆိုတာကိုလည်း ဘယ်သူမှ သတိမရကြတော့ပါဘူး။ 
    
အဲ့လိုနဲ့ တစ်ရက်မှာတော့ သူတို့နက္ခတ်ဗေဒကလပ်က ကျောင်းရဲ့ပွဲတစ်ခုအတွက် ပြင်ဆင်နေတဲ့အချိန် ရုတ်တရက် ထူးဆန်းတဲ့အသံထွက်လာပြီး ငလျင် တစ်ခုလှုပ်ခတ်လာခဲ့ပါတယ်။ ဒါကို အကုန်လုံးက အခန်းအပြင်ထွက်ပြီး သွားကြည့်ခဲ့ကြပါတယ်။ အဲ့အချိန်မှာ သူတို့အဖွဲ့ရဲ့ စီနီယာဖြစ်တဲ့ Nagisa Hanamiya ဆိုတဲ့ ကောင်မလေးကတော့ အခန်းအကုန်လုံးအပြင်ရောက်သွားတဲ့အချိန် သူမလက်ဆောင်ရထားတဲ့ စတုရန်းတုံးလိုပစ္စည်းလေးကနေ အလင်းတွေထွက်လာတာကို သတိထားမိသွားတယ်။ တစ်ချိန်တည်းမှာပဲ အဓိကဇာတ်ကောင်ဖြစ်သူ Sou ဟာ အပေါ်ထပ် ပစ္စည်းထားခန်းကို သွားကြည့်ရင်း အင်္ကျီမပါဘဲ ‌ကြမ်းပြင်ပေါ်မှာ လဲနေတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ရှိသွားတယ်။ အဲ့ကောင်မလေးဟာ ငလျင်လှုပ်မှု့နဲ့ ပတ်သက်နေသလား………
   
 Ushimawareta Mirai O Motomete ဆိုတဲ့ ဒီကားလေးက နက္ခတ်ဗေဒကလပ် အဖွဲ့ဝင်တွေကြားမှာ ထူးဆန်းတဲ့အဖြစ်အပျက်လေးတွေ ကျောင်းမှာ သရဲတွေ့တဲ့ကိစ္စကနေပြီး ကလပ်အချင်းချင်းကြား ပြသာနာဖြစ်တာလေးတွေ ထူးဆန်းတဲ့ ကျောင်းသူအသစ်လေးရဲ့ နောက်ကြောင်းကိုစုံစမ်းရင်း ပိုပြီးထူးဆန်းတဲ့အရာတွေ ဖြစ်ပေါ်လာတာကို ရိုက်ကူးထားခဲ့ anime လေးဖြစ်ပါတယ်။ စစချင်းမှာ အနည်းငယ် ရှုပ်ပေမဲ့ ဆက်ကြည့်သွားပေးပါ။
 တဖြည်းဖြည်းနဲ့ ချိတ်ဆက်မိပြီး နားလည်လာပါလိမ့်မယ်။