NameArslan Senki
Translator Taiyou
Encoder Kazuma
Number of episodes 25
Genres  Action, Adventure, Drama, Fantasy, Historical, Shounen 

Review

ခုနှစ် ၃၂၀ သည် Pars ဟုခေါ်သောတိုင်းပြည်၏ စစ်လိုလားသော ဘုရင်ဖြစ်သူ Andragoras III တစ်ယောက် အိမ်နီးချင်းတိုင်းပြည် Lusitania နှင့် စစ်ခင်းနေသော အချိန်ဖြစ်သည်။ထိုနှစ်သည် ၁၄ နှစ်အရွယ် Pars တိုင်းပြည်ရဲ့အိမ်ရှေ့စံမင်းသား Arslan စစ်ပွဲအတွင်းသို့ စတင်ရောက်ရှိသော အချိန်လည်းဖြစ်သည်။ သို့သော် ကံမကောင်းစွာဖြင့် စစ်ပွဲအတွင်းတွင် ဘုရင် Andragoras ရဲ့ အယုံကြည်ရဆုံး မှူးမတ်များထဲမှတစ်ယောက်၏ သစ္စာဖောက်ခြင်းကို ခံခဲ့ရကာ Parsian စစ်တပ် အရေးနိမ့်ခဲ့ရပါတယ်။ မြို့တော် Ecbatana ဟာလည်း ရန်သူတပ်များ အဝိုင်းခံခဲ့ရပြီး Arslan ဟာ ဒီအကြပ်အတည်းကြားထဲမှ စစ်သူကြီး Daryun နဲ့အတူ တိုင်းပြည်ကိုပြန်ကယ်တင်ရန်အတွက် မဟာမိတ်များရှာဖွေရန် ထွက်ပြေးခဲ့ရပါတယ်။ ဒါပေမဲ့လည်း Arslan ရင်ဆိုင်ရမှာဟာ Lusitania တိုင်းပြည်တစ်ခုတင်မကဘဲ မြို့တော် Ecbatana ကိုသိမ်းပိုက်ရန် အသင့်ချောင်းမြောင်းနေတဲ့ တခြားတိုင်းပြည်မှစစ်တပ်များလည်း ပါဝင်ပါတယ်။ ဒီဇာတ်လမ်းကတော့ မင်းသားလေး Arslan တစ်ယောက် အခက်အခဲတွေမည်သို့ကျော်လွှားပြီး လမ်းခရီးတွင် သူ့အတွက် တိုက်ခိုက်ပေးရဲတဲ့ မဟာမိတ်များ အပေါင်းအဖော်များရှာဖွေကာ ခက်ခဲသော ဘုရင်လမ်းစဉ်လျှောက်လှမ်းပုံကို မြင်ရမှာဖြစ်ပါတယ်။