Name Blue Lock
Status Ongoing (Oct 9, 2022 to??)
Studio 8bit
Number of episodes 24
Genres  Shounen, Sports

ဇာတ်လမ်းအညွှန်း

ဂျပန်နိုင်ငံရဲ့ဘောလုံးလောကဟာ စွမ်းဆောင်ရည် တဖြည်းဖြည်း ကျဆင်းလာတာနှင့်အမျှ ဂျပန်ဘောလုံးအဖွဲ့ချုပ်ဟာ ပြန်လည်ထူထောင်ရေးနှင့် နောက်လာမဲ့ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲနိုင်ရေးအတွက် အကောင်းဆုံးနှင့် ဂိုးအဆာလောင်ဆုံးသော ရှေ့တန်းတိုက်စစ်မှူးများကို လိုအပ်လာပါတယ်။

ထို့ကြောင့် အဖွဲ့ချုပ်ဟာ တစ်မူထူးခြားပြီး နားလည်ရအခက်ဆုံးတွေကို လုပ်ကိုင်နိုင်တဲ့ Jinpachi Ego ဟုခေါ်သော နည်းပြကို ခန့်အပ်ကာ အကောင်းဆုံး လူငယ်တိုက်စစ်မှူးများကို ရှာဖွေဖို့တာဝန်ပေးအပ်လိုက် ပါတယ်။ 

ထို Jinpachi Ego ဟာ တကယ်ကို တစ်မူထူးခြားကာ တစ်နိုင်ငံလုံးရှိ စွမ်းဆောင်ရည်ကောင်း‌သော လူငယ်ရှေ့တန်းကစားသမား အယောက် ၃၀၀ ကို စုစည်းပြီး ၁၁ ယောက် အဖွဲ့ဆီဖွဲ့ကာအကောင်းဆုံး တိုက်စစ်မှူးကိုရှာဖွေဖို့ စီစဉ်ပါတော့တယ် ထိုကစားသမားများထဲကမှ ရှုံးနိမ့်သူများကို ပွဲကစားခွင့်        ရာသက်ပန် ပိတ်သိမ်းသွားမှာဖြစ်ပြီး အယောက် ၃၀၀ ထဲက တစ်ယောက်ကိုမှသာ အကောင်းဆုံး တိုက်စစ်မှူးအဖြစ်ရွေးချယ်မှာပါ။

ကစားသမား ၃၀၀ အတွင်း Yoichi Isagi လို့ခေါ်တဲ့ကောင်လေးဟာ ကျောင်းတွင်းအဆင့် ဘောလုံးပြိုင်ပွဲအတွင်း ကိုယ်တိုင်မသွင်းပဲ အသင်းဖော်ကိုဘောလုံးပေးလိုက်ရာမှ မြို့နယ်အဆင့် တက်ရောက်ဖို့ ကျရှုံးသွားခဲ့ပြီး စိတ်ဓာတ်ကျနေသူအဖြစ် ပါဝင်လာပါတယ်။ 

သူဟာ တစ်ကိုယ်တည်းကစားရတဲ့ ဘောလုံးဆိုတာဘာလဲ တိုက်စစ်မှူးတစ်ယောက်အနေနဲ့ ဂိုးသွင်းဖို့သာအရေးကြီးတာလား ဒီ Blue Lock ဆိုတဲ့ ပရောဂျက်မှာရော ဘယ်လိုအခွင့်အရေးတွေကို အသုံးချသွားမလဲ။ ကျန်ရှိတဲ့ကစားကမားတွေအနေနဲ့ရော ဒီလို Survival ဘောလုံးကစားနည်းပုံစံကနေ ဘယ်လိုရှင်သန် ကျန်ရစ်အောင်ကြိုးစားကြမလဲဆိုတာကို ကြည့်ရှုရမယ့်ကားလေးဖြစ်တာမလို့ စောင့်မျှော် အားပေးကြပါဦး။