Name The Eminence in Shadow
Status Ongoing (Oct 5, 2022 to??)
Studio Nexus
Number of episodes 20
Genres  Action, Comedy, Fantasy

ဇာတ်လမ်းအညွှန်း

 လူအယောက် ၁၀၀ ကို Isekai မှာ ဘယ်လို Character မျိုးဖြစ်ချင်သလဲမေးလာခဲ့ရင် ၉၉ ယောက်ကတော့ Overpower အစွမ်းတွေနဲ့ ကိုယ်ပိုင် Harem ပိုင်ဆိုင်တဲ့သူဖြစ်ချင်တယ်လို့ ဖြေကြမှာ အသေအချာပါပဲ ။ ဒါပေမယ့် ချွင်းချက်အဖြစ် တစ်ယောက်ကတော့ အမြဲတမ်းကျန်ရှိနေသလို ဒီကားထဲက ကျွန်တော်တို့ရဲ့ MC ဖြစ်သူ Cid Kagenou ဟာ ထိုကဲ့သို့သော လူမျိုးဖြစ်ပါတယ် ။ ဂုဏ်တွေ အာဏာတွေ စော်တွေကို မမက်မောဘဲ chuunibyou တစ်ယောက်ပီပီ တစ်လောကလုံးကို နောက်ကွယ်ကနေ ကြိုးကိုင်တဲ့ တစ်နည်းအားဖြင့် ပိတ်ကားနောက်ကွယ်က ဇာတ်ကောင်ဖြစ်ချင်သူတစ်ဦးပါ။

ဒါပေမဲ့ အဲ့အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ဆိုတာ လက်ရှိ သူနေထိုင်တဲ့ ကမ္ဘာကြောင့် ဖြစ်မြောက်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး ။ မည်သို့ပင်ဆိုစေကာမူတစ်နေ့ကျ Isekai ဇာတ်ကားတို့ရဲ့ ထုံးစံအတိုင်း Truck-kun ရဲ့ ကောင်းချီးကို ရရှိသွားတဲ့အခါမှာတော့ သူဖြစ်ချင်တဲ့အိပ်မက်ကို တခြားကမ္ဘာမှာ ဖော်ဆောင်ခွင့်ရရှိသွားခဲ့ပါတယ် ။

ဟုတ်ပါတယ် ဒါကတော့ ကျွန်တော်တို့ရဲ့ Chuunibyou MC တစ်ယောက် Isekai မှာ ဘယ်လိုမျိုးကြိုးစားပြီး နောက်ကွယ်က ကြိုးကိုင်သူဖြစ်လာမလဲကို Waifu တွေတစ်ပုံကြီးနဲ့ မြင်တွေ့ရမယ့် ဇာတ်လမ်းဖြစ်ပါတယ် ။ ဘယ်လိုတွေ လာမလဲဆိုတာကိုတော့ Page ကနေ အပတ်စဉ် တစ်ပိုင်းချင်းစီ စောင့်မျှော်ရှူစားလိုက်ပါ။